ဗဟန်း သြဂုတ် ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ အမှတ် (၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် သွေးလွန်တုတ်ကွေးကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ယနေ့နံနက် ၆ နာရီက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကိုဦး၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာသင်ခန်းများအတွင်းသို့ ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းတွင်းရေရှိအုတ်ကန်များ၊ ရေကန်ငယ်များထဲသို့ မြို့နယ်ကျန်းမာရေးမှရရှိသော အဘိတ်ဆေးခတ်ခြင်းတို့အား တပ်ဖွဲ့ဝင်များနှင့် ရွှေဂုံရိပ်မွန်လူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး