နောင်ချို ဩဂုတ် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန်က စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် သွင်းကုန်၊ ထုတ်ကုန်အကြောင်းအရာများ၊ ထုတ်ကုန်တွင် တင်ပို့သည့် သီးနှံများ၏ အရည်အသွေးနှင့် အတန်းအစားသတ်မှတ်ချက်များ သယ်ယူပို့ဆောင်ခြင်းနှင့် ကိုင်တွယ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ဌာနဆိုင် ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ Online မှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)