ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကျောင်းကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ပင်းတယ  ဩဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကျောင်းကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းများနှင့် အသိပညာပေးခြင်းတို့အား အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ယမန့်နေ့က ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာ မို့မို့ကြည်က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးရာတွင် တစ်ကိုယ်ရေသန့်ရှင်းမှု အခြေအနေများ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေများ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမရှိသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ယားနာ၊ အိမ်သုံးဆားတွင် အိုင်အိုးဒင်းဓာတ်ပြည့်ဝစွာ ရှိ/မရှိ စစ်ဆေးခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းနှင့် အခြားရောဂါ လက္ခဏာများကို စစ်ဆေးပေးခဲ့ကြပြီး ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းနှင့် အသိပညာပေးခြင်းတို့အား သတ်မှတ်ရက်များတွင် အခြေခံပညာကျောင်းများတွင် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

အောင်ကိုဦး (ပင်းတယ)