အလုံမြို့နယ်၌ ​သွေးလွန်တုပ်​ကွေးကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ဆောင်ရွက်

အလုံ သြဂုတ်

ပြည်သူများ ခြင်မှတဆင့် ကူးစက်တတ်​သောသွေးလွန်တုက်​ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယ​မန်နေ့က ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ကို ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်း(၃)လမ်း၊ ဆင်မင်းရပ်ကွက်၊ ဆင်မင်းလမ်း၊ စောနောက်ရပ်ကွက်၊ မိုးကောင်းလျှပ်စစ်ဝင်းတို့ရှိ နေအိမ်များအတွင်းရှိ  ခြင်ခို​အောင်းနိုင်​သောနေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေဝပ်​သောနေရာများ၊ရေစည်၊ရေအိုးများအတွင်းသို့  အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာ​ပေး​ ဆွေး​နွေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့​ကြောင်း သတင်းရရှိသည်။

တင်တင်ချို  (ပြန်/ဆက်)