သီပေါမြို့နယ် နမ့်အွန်(ညု)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားပြုလုပ်

သီပေါ ဩဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်အွန်(ညု)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) အမှုဆောင်ဒါရိုက်တာ ဦးတင်လေးက ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းဆောင်သစ်အား  မြို့နယ်ပညာရေးမှူး ဦးထိန်လင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ပညာရေးငွေပဒေသာပင် ငွေကျပ်သိန်း (၁၂၀) အား ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) အမှုဆောင်ဒါရိုက်တာ ဦးတင်လေးက ကျောင်းကော်မတီဥက္ကဋ္ဌထံသို့ ပေးအပ်ခဲ့ကာ မြို့နယ်ပညာရေးမှူးနှင့် ကျေးရွာနေပြည်သူတစ်ဦးတို့မှ ကျေးဇူးတင်စကား အသီးသီးပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) တို့မှ ပံ့ပိုးငွေကျပ် (၅၆၅.၈၄၄) သိန်းနှင့် နမ့်အွန် (ညု) ကျေးရွာနေ ဒေသခံပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၂၀.၄၆၉၄) သိန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၆၈၆.၃၁၃၄) သိန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းဆောင်မှာ အလျားပေ ၉၀ x အနံ ပေ ၃၀ အရွယ်စားတစ်ထပ်အုပ်ညှပ်၊ သွပ်မိုး၊အ င်္ဂတေကြမ်းခင်းဖြစ်ကြောင်း မြို့နယ်ပညာရေမှူးရုံးမှ သိရသည်။

ခင်လေး(ပြန်/ဆက်)