လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင်​ စျေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများလှည့်လည်​ရောင်းချ​ပေး

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၆

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌​နေထိုင်ကြသည့် မိဘပြည်သူများ စားသုံးဆီကို​စျေးနှုန်း သက်သာစွာဖြင့် ၀ယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံ​ဆောင်ရွက်သည့် အစီအစဉ်ဖြင် Grand Unity Co ., Ltdမှတာ၀န်ခံနှင့် အဖွဲ့ဝင်များသည် စာသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ အ​ရောက်​စျေးကားဖြင့် ကွင်းဆင်းလှည့်လည်၍ သက်သာ​သော နှုန်းထားတို့ဖြင့် လှည့်လည်​ရောင်းချ​ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၈)နနာရီမှ စတင်ကလှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အမှတ် (၁၃)ရပ်ကွက်၊ ပင်လုံ‌ဈေး၌လူ(၁)ဦးလျှင်‌ ရွှေတောင်တံဆိပ် ဆီ(၁)ပိဿာကို​ငွေကျပ် (၃၇၀၀ိ/-)နှုန်းဖြင့်​ ရောင်းချ​ပေးခဲ့သည်။ ယင်းသို့စားသုံးဆီများအား သက်သာသော နှုန်းထားဖြင့် လူ(၁)ဦးလျှင်‌ ရွှေတောင်တံဆိပ်ဆီ(၅၀)သားနှုန်းဖြင့် စုစု​​ပေါင်းပိဿာ (၆၀၀၀)ကို မိဘပြည်သူများ၏ လက်ဝယ်သို့အ​ရောက်​ ရောင်းချ​​​ပေးခဲ့​ကြောင်း သိရှိရသည်။

ဝေလွင်ကျော်(ပြန်/ဆက်)