ပြင်ဦးလွင်မြို့ ရေဘေးသင့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၆     

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် ရေဘေးသင့်  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကိုယမန်နေ့  မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး  ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်ပညာရေးမှူး   ဒေါ်စန်းစန်းနွဲ့မှ ပြင်ဦးလွင်မြို့ ရေကြီးမှုနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြပြောကြားခဲ့သည် ။

ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများမှ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရေဘေးသင့် ကျောင်းသား/ ကျောင်းသူ ( ၃၆၉ ) ဦးအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည် ။

ယင်းနောက်  ပညာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့သည် အ.ထ.က - ခွဲ၊ အလက (၁)၊ ဆင်လမ်း (အ.ထ.က)နှင့် ပွေးတောင် (အ.လ.က) တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ရေဝင်ရောက်ပြီး   ပြိုကျပျက်စီးနေသည့် အုတ်တံတိုင်း အခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေမှုကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည် ။ 

ခရိုင် ( ပြန်/ဆက် )