နေပြည်တော် ဩဂုတ် ၅
ကျောင်းသား/ကျောင်းသူ လူငယ်များ စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန်၊ စာအုပ်စာပေများဖတ်ရှု လေ့လာသည့် အလ့အကျင့်များဖြစ်လာစေရန်နှင့် စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်၍ လူငယ်တို့အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး ခရိုင်ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများ၊ စာပေဝါသနာရှင်များနှင့် ကျောင်းသား/ ကျောင်းသူ များက စာရေးဆရာမ မိုးပန်းမွန်(ရာမည)ရေးသားသည့် ရွှေရောင်လူငယ်နှင့်ရွှေရောင် အနာဂတ်လူငယ်တို့အတွက် အတွေးစာစုများစာအုပ်ဖြင့် ဆွေးနွေးခဲ့ ကြသည်။
ဆွေးနွေးပွဲတွင် စာရေးဆရာမကြီး ဒေါ်တင်ရီ(တင်ရီမ-ညောင်ဦး)က စာပေဖတ်ရှုရခြင်း၏ ရရှိသည့် အကျိုးကျေးဇူးများအကြောင်းကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများက စာရေးဆရာမ မိုးပန်းမွန် (ရာမည) ရေးသားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် လူငယ်တို့အတွက် အတွေးစာစုများစာအုပ်တွင် ပါဝင်သည့် အနုပညာနှင့်တန်ဖိုး၊ လူငယ်များသိသင့်သော မိသားစု၏ အဓိပ္ပာယ်၊ တန်ဖိုးရှိသောလူ၊ ရွှေရောင် လူငယ်နှင့်ရွှေရောင်အနာဂတ်၊ လူငယ်နှင့်သာသနာ၊ လူငယ်နှင့် အချိန်၏တန်ဖိုး၊ လွတ်လပ်ရေးနှင့် လူငယ်တို့၏ တန်ဖိုး စသည့်ခေါင်းစဉ်များအလိုက် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်ကြရာ စာရေးဆရာမကြီး ဒေါ်တင်ရီ(တင်ရီမ-ညောင်ဦး)ကပြန်လည် ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)