ကျောက်မဲ ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အ-ထ-က နောင်ပိန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောက်မဲမြို့နယ် ပညာရေးမှူးဒေါ်ခင်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက "စာဖတ်ခြင်းဖြင့် မိမိကိုယ်မိမိမြှင့်တင်စို့"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မော်မော်ဝင်းက အားကစားဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက်အားကစားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် အေရိုးဗစ်အဖွဲ့နှင့် မြန်မာ့သိုင်းအဖွဲ့ဝင်များက အေရိုးဗစ်အက၊ မြန်မာ့သိုင်းကစားနည်းများကို လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အ-ထ-က နောင်ပိန်မှ အလယ်တန်း၊ အထက်တန်းကျောင်းသား/ကျောင်းသူ ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)