ရမည်းသင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရမည်းသင်း    ဩဂုတ်  ၅

ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းမြို့နယ် စာရေးဆရာအသင်းနှင့်မြို့နယ်(Book Club)အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး စိတ်ဓာတ်ခွန်အားဖြည့်ရသစာစုများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက (စာပေစကားဝိုင်း များကျင်းပ၍) မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများမွေးထုတ်ပေး နိုင်ရန်ကျင်းပရခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက်ကျောင်းသား၊ကျောင်းသူများက မူလသိမ်ဦးကျောင်းဆရာတော် ဦးဝဏ္ဏတရေးသားသည့် ဒီနေ့လုပ်ရင်အောင်မြင်မည် စာမူကိုအလှည့်ကျဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးကြပြီးမြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူးဦးမျိုးလွင်၊မြို့နယ် Book  Club အသင်း အဖွဲ့ဝင် ဒေါ်ခင်လေးနီ၊ဦးအောင်ဝင်းနှင့် ဒေါ်မိတို့က(ဆရာသမား) ခေါင်းစဉ်ကိုကွဲကွဲပြားပြားသိရှိစေရေး ကိုအသီးသီးဆွေးနွေးရှင်းခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများမှပြန်လည်၍ အကောင်းဆုံးနွေး နိုင်သူများအားခရိုင်ပြန်/ဆက်ဦးစီးဌာနက ဂုဏ်ပြုချီးများမြှင့်ပေးအပ် သည်။

ရမည်းသင်းမြို့နယ်စာရေးဆရာအသင်းနှင့်(Book Club)အဖွဲ့ဝင်တို့ပူပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး တစ်လ ၂ ကြိမ်စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စာရေး ဆရာအသင်းအတွင်းရေးမှူးဦးမျိုးလွင်ထံမှ သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)