ကျောက်ဆည် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စေရေး လိုအပ်လျက်ရှိသည့် ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး မြောင်းကြမ်းပြင်နှင့် မြောင်းနှုတ်ခမ်းများအား ပြန်လည်ပြုပြင်ပေးခြင်းများဆောင်ရွက်လျက်ရှိရာ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးမြေ (၅၀၀) ဧက ရေပြည့်ဝစွာရေးပေးဝေနိုင်ရေး မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ် (၂၄.၀၀၀) သန်းဖြင့် နွားတက်(ခွဲ)မြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေကျအဆောင်အအုံသည် နွားတက်(ခွဲ)မြောင်း၊ လယ်ကြီးကျေးရွာအနီး ရေကျအမြင့် (၆) ပေ ရှိကာ ပျက်စီးနေသည့် ရေကျအဆောက်အအုံအထက်ပိုင်းနှင့် အောက်ပိုင်းရေကျကြမ်းခင်းများ၊ မြောင်းပေါင်နှုတ်ခမ်း ကျောက်စီခြင်းလုပ်ငန်းများ ပြန်လည်ပြုပြင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးပါက သီးနှံမျိုးစုံစိုက်ဧက (၅၀၀) ဧကအတွက် စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိ ကောင်းမွန်ဖြင့်မျှတစွာ လိုအပ်သည့် ရေပမာဏပြည်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
သက်မောင် (ကျောက်ဆည်)