ဝမ်းတွင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဆိုင်ရာအသိပညာပေး အစီအစဉ်ဆောင်ရွက်

ဝမ်းတွင်း ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဆိုင်ရာ အသိပညာပေး  အစီအစဉ်ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောမှ လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးအစီ အစဉ်များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍများ၊ စာအုပ်စာပေနှင့် ဗဟုသုတရဖွယ်အစီအစဉ်များ၊ ဌာနဆိုင်ရာများမှ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုသိကောင်းစရာ အစီအစဉ်များ၊ အာမခံဆိုင်ရာ အကျိုးခံစားခွင့် အစရှိသည့် အများပြည်သူ များအတွက် ဗဟု သုတရဖွယ်အစီအစဉ်များကို တင်ဆက်ပေး လျက်ရှိကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ခင်သဲအေးမှ လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ မိသားစုထောက်ပံ့မှု အာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်အကြောင်း သိကောင်းစရာများ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်ဆိုင်ရာများနှင့် စပ်လျဉ်း၍ အလုပ်သမားအကျိုးခံစားခွင့် မဆုံးရှုံးစေရန် အချိန်မှီမှတ်ပုံ တင်ခြင်းဆိုင်ရာကိစ္စများ၊ အာမခံအလုပ်သမားများဆိုင်ရာကိစ္စများ၊ မကျန်းမာမှုအတွက် ဆေးကုသခံယူခွင့် ဆိုင်ရာကိစ္စရပ်များ၊ မကျန်းမာမှုးများအတွက် ငွေကြေးခံစားခွင့်များ၊ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်ဆိုင်ရာများအကြောင်းကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)