မိုးစပါးစိုက်ဧက လျာထားပြည့်မီကျော်လွန်ရေး ဆောင်ရွက်

တပ်ကုန်း ဩဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စပါးစိုက်တောင်သူများ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုးပြီး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာခြင်းနှင့် လယ်စိုက်တောင်သူများ လျာထားဧကထက်  ပြည့်မီကျော်လွန်​ရေး ထွန်ယက်စိုက်ပျိုးလျက်ရှိ​သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးဧက(၄၆၄၄၅)လျာထား စိုက်ပျိုးပြီး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်းနှင့် အခြားစပါးမျိုးများကို ဇူလိုင်လ နောက်ဆုံးပတ်ထိ ဆင်သေဆည်ရေ(၃၆၈၄) ဧက၊ မုန်ဆည်ရေ(၉၄၆)ဧက၊ ကင်သာဆည်ရေ(၂၈၇)ဧက၊ ပွဲစားဆည်ရေ(၄၈၈)ဧက၊ ညောင်ကိုင်းဆည်ရေ(၁၀၅)ဧက၊ ပုဂ္ဂလိကဆည်ရေ(၇၀၀)ဧက၊ မိုးရေ(၉၈၉၈)ဧကနှင့်အခြား(၃) ဧက၊စုစုပေါင်း (၁၆၁၁၁) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး၊ ကျန်စပါးစိုက်ဧကများ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်