၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ    သြဂုတ်   ၄

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မန္တလေး၊ ရတနာပုံခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုကအဖွင့်အမှာစကား ပြောကြားပြီး သိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာရပ်တွဲတို့တွင် Top Ten ရရှိ သည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး ဝန်းကြီးချုပ်နှင့် ဇနီး၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း Top Ten ရရှိသည့် ကျောင်းသား၊ ​ကျောင်းသူတို့နှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် သိပ္ပံဘာသာတွဲတွင်အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၆ဘာသာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၃ ဦးတို့အား ဝန်ကြီးချုပ်၏ဇနီး၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊  မန္တလေးတိုင်းဒေသကြီး တရား သူကြီးချုပ် ဒေါ်ခင်သင်းဝေတို့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံဘာသာတွဲ မြန်မာတစ်နိုင်ငံလုံး ပထမဆု ရရှိသူ မအိမ့်မှူးခင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနတိုင်ရာမှ တာဝန်ရှိသူများက ၆ဘာသာ ဂုဏ်ထူးရရှိသူများ၊ ၅ဘာသာ ဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး နောက် တိုင်းဒေသကြီးအတွင်း အောင်ချက်ရာခိုင်နှုန်း အများဆုံးရရှိအောင် စွမ်းဆောင်ပေးနိုင် သည့် ချမ်းအေးသာစံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ် ပညာရေးမှူးများ၊ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အ.ထ.က ၁၆မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်း သူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်