သပိတ်ကျင်းမြို့တွင် အိမ်ထောင်စုလူဦးရေ စာရင်းများအား e-ID စနှစ်ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

သပိတ်ကျင်း သြဂုတ် ၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများကို e-IDစနစ်ဖြင့် ထည့်သွင်းနေမှုအား တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကြည့်ရှုအား​​ပေးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန် ထမ်းများမှ နိုင်- ၄  ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြုစုရာ၌ တိကျမှန်ကန်သော စာရင်းများ ရရှိစေရေးအတွက် အိမ်ထောင်စုစာရင်း(၆၆/၆)ပုံစံများအား e- ID စနှစ်ဖြင့် ထည့်သွင်းခြင်းလုပ်ငန်းများ လုပ် ဆောင်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ပြီး စာရင်းဇယား ထည့်သွင်းဆောင်ရွက်မှုများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း၌ အိမ်ထောင်စုစာရင်း (၂၉၇၃၇)စုရှိပြီး e- ID စနစ်ဖြင့် ထည့်သွင်းဆောင်ရွက်ပြီးစီးမှုမှာ (၃.၈.၂၀၂၂) နေ့အထိ အိမ်ထောင်စု( ၃၈၈၆)စု စာရင်းထည့်သွင်းထားပြီး ကျန်ရှိနေသော အိမ်ထောင်စု(၂၅၈၅၁)စုအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိုနယ်ဦးစီးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)