ထန်းတပင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ-၆၆/၆) Software ရိုက်သွင်းနေမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေး

ထန်းတပင်(ရန်ကုန်) သြဂုတ် ၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/) များအား Software ရိုက်သွင်းခြင်း လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက​တာဝန်ရှိသူများက လုပ်ငန်း​ဆောင်ရွက်​နေမှု ခြေအနေများနှင့်ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကြည့်ရှု့စစ်ဆေးဆောင်ရွက်ရာတွင်လည်း မှော်ဘီခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊မှော်ဘီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/) များအား Software ရိုက်သွင်း​​ဆောင်ရွက်နေမှု ခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ သတ်မှတ်ရက်အတွင်း လုပ်ငန်းများအချိန်မှီ ပြီးစီးရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲကြ​​ကြောင်းလည်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၃၆၇၁၉)စုကို သတ်မှတ်ရက်(၄၅)ရက်အတွင်း Software ရိုက်သွင်းခြင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး Software ရိုက်သွင်းခြင်း လုပ်ငန်းကိုလည်း ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ဆောင်ရွက်လျက်ရှိသလို လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လဝကရုံးဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ပူးပေါင်းကာဆောင်ရွက်လျက်ရှိကြောင်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေထံမှ သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)