မိုင်းခတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ပြုလုပ်

မိုင်းခတ် ဩဂုတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်းအကြောင်း ပြောကြားပြီး၊ စာကြည့်တိုက်မှူးဒေါ်‌နန်းခင်ညွန့်နှင့်အငယ်တန်းစာရေး‌(အင်အားပြ)ဒေါ်‌ငြိမ်းငြိမ်းအောင်တို့က လူကုန်ကူးမှုအဓိပ္ပာယ်များ၊ လူကုန်ကူးမှုမှကာကွယ်နိုင်မည့် အချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိ‌သော လူကုန်ကူးမှု အမျိုးအစားများကို အကျယ်တဝံ့ ဆွေးနွေးပြောကြား‌ခဲ့ကြသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများအား ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေး အတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည် များအား We Love Mong khat Facebook Page တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)