မိုင်းခတ်မြို့နယ် အ.ထ.က​ကျောင်း(RC)သုံးထပ်​ဆောင် အသစ်ဆောက်လုပ်ရန် ပန္နက်ရိုက် အခမ်းအနားကျင်းပ

မိုင်းခတ် သြဂုတ်

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အ.ထ.က​​ကျောင်း(RC)သုံးထပ်​ဆောင်အသစ်​ဆောက်လုပ်ရန် ပန္နက်ရိုက် အခမ်းအနား ကို ယမန်​နေ့နံနက်ပိုင်းက အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပန္နက်ရိုက်အခမ်းအနားသို့ စစ်ဗျုဟာအဖွဲ့ (အခြေချ) မိုင်းခတ်စစ်ဗျုဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးမြင့်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးမြင့်၊ မြို့နယ်ပညာ​ရေးမှူးနှင့်​ကျောင်းအုပ်ဆရာကြီး၊ လွှတ်​တော်ကိုယ်စားလှယ်​ဟောင်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊​ ကျောင်းအကျိုး​တော်​ဆောင်များ၊ ရပ်မိရပ်ဖများ၊ ကုမ္ပဏီမှတာဝန်ရှိသူများ တက်​ရောက်ခဲ့သည်။

အဆိုပါ​ ကျောင်း​ဆောင်သစ်မှာအလျား​၁၄၀​ပေ၊ အနံ၃၀​ပေ၊ အမြင့်၃၅​ပေ(RC)၃ထပ်​အဆောင်ဖြစ်ပြီးတန်ဖိုး​ငွေကျပ် ၅. ၂၉သန်းဖြင့် မြန်မာရတနာ​ရွှေ​ခေတ်ကုမ္ပဏီကတာဝန်ယူ​ဆောက်လုပ်သွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးနိုင်​ရေးနှင့်အရည်အ​သွေးပြည့်မီ​အောင်​ ဆောက်လုပ်နိုင်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ ကြီးကြပ်​​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)