မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ ကျောင်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာ တွင် စားအုန်းဆီများကို ရည်ညွှန်းဈေး တစ်ပိသာ(၄၂၀၀)ကျပ်ဖြင့်လှည့်လည်ရောင်းချ

ကျောက်ပန်းတောင်း ဩဂုတ်  ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း (ကျောက်ပန်းတောင်းမြို့နယ်)၏အစီအစဉ်ဖြင့်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်၍ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်းဈေး(၄၂၀၀)ကျပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ပုပ္ပားကျေးရွာ မူလတန်းကျောင်းဝန်းတွင် Mobile စနစ်ဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပုပ္ပားကျေးရွာရှိ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် စားအုန်းဆီများကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း၏အစီစဉ်ဖြင့် ကျောက်ပန်းတောင်းမြို့ နယ်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦး ကိုယ်တိုင်ဦးဆောင်၍ ရောင်းချပေးနေခြင်းဖြစ်ပြီး၊ ကျောက်ပန်းတောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး/ရပ်မိရပ်ဖများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ရည်ညွှန်းဈေး (၄၂၀၀)ကျပ်ဖြင့်စားအုန်းဆီရောင်းချပေးရာတွင် တစ်အိမ်ထောင်လျှင် ဆီ(၁)ပိသာနှုန်း ရောင်းချပေးခြင်းဖြစ်ပြီး၊ ပုပ္ပားကျေးရွာပြည်သူများအတွက် စုစုပေါင်း ဆီပိသာ(၄၄၀) ရောင်းချပြီး၊ တောင်ကလပ်ကျေးရွာနေပြည်သူများအတွက် ဆီပိသာ(၂၂၀)ပိသာ ရောင်းချသွားရန်စီစဉ်ထားကြောင်းနှင့် လာမည့်သီတင်းပတ်များတွင်လည်း  ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောပါသည်။

မြို့နယ်(ပြန်/ဆက်)