Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ဒဂုံ သြဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် ရပ်ကွက်များ၊​ ကျောင်းများသို့ Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များငှားရမ်းပေးခြင်းကို ​ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံ မြို့နယ်လူဝင်မှူကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသို့  ယခင်ငှားရမ်း ပေးထားသောစာအုပ်များအား ပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်အသစ်များကို ထပ်မံ၍ ပြန်လည်ငှားရမ်းပေးခဲ့ကြသည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေ၏ တန်ဖိုးကို ချစ်မြတ်နိုး တတ်စေရန် စာပေဖတ်ရှုရာမှ အသိပညာဗဟုသုတများ ရရှိစေရန်၊ အမှားနှင့်အမှန်ကို သေချာစွာဝေဖန်ပိုင်း ခြားတတ်လာစေရန်၊ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်သည့်အတွက် စာပေအသိရှိလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်၊ စာဖတ်သည့် အ​လေ့အထဖြစ်ပေါ်လာ​စေရန် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်​ရေးအတွက် စာအုပ်များငှားရမ်းပေးခြင်းကို ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ရပ်ကွက်များသို့ အလှည့်ကျ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

မေသန္တာ