တောင်ဥက္ကလာပ ဩဂုတ် ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ဝင်းထက်ထက်အောင်က စာဖတ်ခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများ၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိအောင် စာအုပ်စာစောင်များဖတ်ရှုရန် လိုအပ်ကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ထက်ထက်(ပြန်/ဆက်)