စဉ့်ကူး ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာနှင့် မြေနုကျေးရွာတို့တွင် ယနေ့နံနက် ၁၁ နာရီခန့်က ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကမ်းပါးအနီးတွင် နေထိုင်သော လူနေအိမ် (၅)လုံး ကြိုတင်ရွှေ့ပြောင်းခဲ့ရသည်။
အဆိုပါ လူနေအိမ်များမှာ ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး နေအိမ် (၃)လုံးနှင့် ထရံကာ၊ ကြမ်းခင်း၊ သွပ်မိုး နေအိမ်(၂)လုံး၊ စုစုပေါင်း နေအိမ်(၅)လုံးဖြစ်ပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် နေအိမ်များ အနည်းငယ်ပျက်စီးခဲ့ကာ ပျက်စီးဆုံးရှုံးမှု စုစုပေါင်း တန်ဖိုး ငွေကျပ် ၅၅၀၀၀၀ ဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသားများက ရေဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုဆုံးရှုံးမှုမရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက် )