မြောက်ဥက္ကလာပ သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ရွှေပေါက်ကံဒေသန္တရ ကျန်းမာရေးဌာန၊ မယ်လမုဘုရား (၃)ထပ်ဆောင်ဓမ္မာရုံ၊ (ဌ)ရပ်ကွက် ဓမ္မဝိသုဒ္ဓိဓမ္မာရုံ၊ ရွှေပေါက်ကံဒေသန္တရဆေးခန်း၊ မြောက်ဥက္ကလာအဝိုင်း ထိပ်ဒေသန္တရဆေးခန်းနှင့် အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအား အသက် ၁၈ နှစ်နှင့်အထက် Booster Covid Shield ထိုးနှံသူ(၂၂၂) ဦး၊ ပထမအကြိမ်အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်း ကျောင်းနေပြင်ပ Sinopharm ထိုးနှံသူ(၁၄၅)ဦး၊ ဒုတိယအကြိမ် အသက် ၅ နှစ်မှ ၁၁ အတွင်း ကျောင်းနေကလေးပြင်ပ Covanxin ထိုးနှံသူ (၁၀၀၅) ဦး၊ စုစုပေါင်း ကာကွယ်ဆေးထိုးနှံသူ (၁၃၇၂) ဦးတို့အား ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေး အသင်းဝင်များ၊ မြို့နယ် ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
လှလှထွေး