ကျိုက်ထိုမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲကျင်းပ

ကျိုက်ထို သြဂုတ် ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ မြို့နယ်အဆင့် ပြိုင်ပွဲကို သြဂုတ်လ ၃ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး (တာ၀န်ခံ) ဒုမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်ထွန်းမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ အ.ထ.က(၂) ကျောင်းအုပ် ဆရာမကြီးဒေါ်သီသီ၀င်းမှ ပြိုင်ပွဲစည်းကမ်းများကို ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပရာ အသက် (၁၀)နှစ်မှ (၁၅)နှစ်ထိ ကျား/မ (အက)ပြိုင်ပွဲ၊ အသက်(၁၅)မှ (၂၀)နှစ်ထိ (မ)အကပြိုင်ပွဲ၊ အသက်(၅)နှစ်မှ (၁၀)နှစ် ထိ(မ) ပတ္တလားအတီးပြိုင်ပွဲ အသက် (၁၀)နှစ်မှ (၁၅)ထိ(မ)ပတ္တလားပြိုင်ပွဲ၊ အသက်(၁၀)နှစ်မှ (၁၅)နှစ် ထိ(ကျား/မ) စန္ဒရားအတီးပြိုင်ပွဲ၊ အသက်(၅)နှစ်မှ (၁၀)နှစ်ထိ (မ) ဆိုင်းဝိုင်းကြီးပြိုင်ပွဲ၊ အသက် (၁၀)နှစ်မှ (၁၅)နှစ်ထိ(မ) ဆိုင်းဝိုင်းကြီးပြိုင်ပွဲ၊ အသက်(၅)နှစ်မှ (၁၀)နှစ်ထိ (မ)မဟာဂီတပြိုင်ပွဲ၊ အသက်(၁၀)နှစ်မှ (၁၅)နှစ်ထိ (မ)မဟာဂီတပြိုင်ပွဲ၊ အသက်(၁၅)နှစ်မှ (၂၀)ထိ (ကျား) မဟာဂီတပြိုင်ပွဲ၊ အသက်(၅)နှစ်မှ (၁၀)နှစ်ထိ (ကျား/မ)ကာလပေါ်တေးပြိုင်ပွဲ၊ အသက် (၁၀)နှစ်မှ (၁၅)နှစ်ထိကာလ‌ပေါ်တေးပြိုင်ပွဲ၊ အသက်(၁၅)နှစ်မှ (၂၀)နှစ်ထိ(ကျား/မ) ကာလပေါ်တေးသီချင်း အဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိင်ပွဲများ (သို့) ကျိုက်ထိုမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း (၁၁) ကျောင်းမှကျောင်းသား၊ ကျောင်းသူများမှ ၀င်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)