စဉ့်ကိုင်မြို့နယ်၌ တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

စဉ့်ကိုင်  သြဂုတ်   ၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၌  တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျန်းမာရေးကြီးကြပ်(၁) ဦးရဲမင်းကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော၊  (ရိုတာ) ပိုလီယိုပြင်းထန် အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက်ထိုးနှံပေး ရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော  အသက်တစ်နှစ်ခွဲအောက်ကလေးငယ်(၁၅၀)ဦးနှင့်  ကိုယ်၀န်ဆောင်မိခင် (၃၀)ဦး လာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။

အဆိုပါ  ပုံမှန်ကာကွယ်ဆေးများလာရောက်ထိုးနှံသည့်  မိခင်နှင့်ကလေးများအား  ကျန်းမာရေး၀န်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ် -၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး  ညွှန်ကြားချက်များနှင့် အညီအ၀င်တွင်လက်ကို စနစ်တကျဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့်  နှာခေါင်းစည်း  (Mask)များတပ်ဆင်စေပြီးပုံမှန်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)