လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့၊ လူကုန်ကူးမှုစိစစ်‌ ဖော်ထုတ်‌ရေးသင်တန်းဖွင့်လှစ်

လှိုင်သာယာ(အရှေ့ပိုင်း) ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)တပ်ဖွဲ့စုမှူးမှ ကြီးမှူးကျင်းပသော ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း၊ လူကုန်ကူးမှုစိစစ်‌ဖော်ထုတ်‌ရေးသင်တန်းကို ယ‌နေ့နံနက်(၉)နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ သာသနမကာဋ အတုလ ဗိမာန်တော်ကြီးတွင် သင်တန်းဖွင့်ပွဲကျင်းပသည်။

ရှေးဦးစွာသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) တပ်ဖွဲ့စုမှူးရဲမှူးနှင့် နည်းပြများမှ ပြည်တွင်း/ပြည်ပသို့ ပို့ဆောင်ကျူးလွန်လျက်ရှိသည့် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့၏ ခြားနားချက်များ၊ ရွှေ့ပြောင်းသွားလာခြင်းမှ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ သိကောင်းစရာများနှင့် အသစ်ပြဋ္ဌာန်းထားသော လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေး ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်အကြောင်းအရာများ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ ဖြည့်သွင်းမှုဘာသာရပ်များကို ပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ လှိုင်သာယာ(အ‌နောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၀င်များ၊ လ၀ကဦးစီးအရာရှိများ၊ ရပ်မိရပ်ဖများ၊ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များ၊ အမှတ်(၆)လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့စုမှူးရဲမှူးတိုးမြို့နှင့် ဒုရဲမှူးဝေလွင်တို့ ပူး‌ပေါင်း၍ သင်တန်းသား/သူ စုစုပေါင်း(၃၈)ဦးတို့ တက်ရောက်ပြီး သင်တန်းကာလ(၃)ရက် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင်းမူ