နမ္မတူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထူးရဲ (၄၈) ဦး ခန့်အပ်သွားမည်

နမ္မတူ    စက်တင်ဘာ  

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ အထူးရဲ (၄၈)ဦး ခန့်အပ်တာဝန်ချပေးသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် မြို့နယ် ရဲတပ်ဖွဲမှူးရုံးမှ သိရှိရသည်။

နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)နှင့် အမှတ် (၂)တို့တွင် လျာထားမဲရုံ (၄၈)ရုံရှိပြီး မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် လာရောက်မဲပေးနိုင်ရေး အထူးရဲ (၄၈)ဦး ခန့်အပ်တာဝန်ချ ပေးသွားမည်ဖြစ်ကြောင်း၊ နမ္မတူမြို့နယ် ရဲတပ်ဖွဲ့ အနေဖြင့်လည်း ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူတွေ မဲမပေးနိုင်အောင် နှောက်ယှက် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံ ပရဝုဏ်မှ ကိုက် (၅၀၀)အတွင်း အသံချဲစက်များ ဆူညံစွာဖွင့်လှစ်မှု မရှိစေရေး၊ မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်ဆွေထံမှ သိရသည်။

လူမော် (ပြန်/ဆက်)