နေပြည်တော်ကောင်စီဥက္ကဋ္ဌ လယ်ဝေးမြို့၊ သာဝတ္ထိ(အင်းသာ) စစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေး

လယ်ဝေး        စက်တင်ဘာ   ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် နေပြည်တော်ကောင်စီဝင်များ ဖြစ်သည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးညီထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင် ဘာ(၁၀)ရက် ညနေ(၅)နာရီက လယ်ဝေးမြို့ သာဝတ္ထိ(အင်းသာ) ပူးပေါင်းစစ်ဆေးရေးဂိတ် တွင်နေပြည်တော်သို့ ဖြတ်သန်းသွားလာဝင်ရောက်သည့် ယာဉ်များအားစိစစ်ဆောင်ရွက်ထား ရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က သာဝတ္ထိ(အင်းသာ) ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် နေပြည်တော် ဘက်သို့ ဖြတ်သန်းသွားလာဝင်ရောက်သည့် မော်တော်ယာဉ်များ အဝင်အထွက်စိစစ်ဆောင် ရွက်ထားရှိမှုနှင့် ကုန်စည်စီးဆင်းမှုကြန့်ကြာမှုမရှိစေရေး တို့အတွက် ဆောင်ရွက်ထားရှိမှုများ အားရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ရေနီမြို့တို့ ၏နယ်စပ်သို့ရောက်ရှိပြီး ပူးပေါင်း စစ်ဆေးရေး ဂိတ်အသစ် ဆောက်လုပ်မည့် လျာထားမြေ နေရာအားကြည့်ရှုစစ်ဆေးကာ နေပြည်တော်ကောင်စီ နယ်မြေသို့ ဝင်ရောက်မည့်မော်တော် ယာဉ်များ၊ လူ/ကုန်ပစ္စည်းများ လွှဲပြောင်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)