ဆင်သေဆည်ရေအသုံးပြုမှုကြောင့် ဝါစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

တပ်ကုန်း ဩဂုတ် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ညောင်ငါးပင်ကျေးရွာ၊ ကွင်းအမှတ်(၁၂၇၉)ကွင်း၊တောင်သူ ဦးအောင်မြင့်၏ ယာမြေတွင် မိုးချည် မျှင်ရှည်ဝါစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

“ဒီ ဝါစိုက်ခင်းကို နယုန်လမှာ ထယ်ရေး၊ ထွန်ရေးလုပ်ငန်းများဆောင်ရွက်ပြီး၊ လပြည့်ကျော်မှာ စိုက်ပျိုးထားပါတယ်၊ ပင်ကြား/တန်းကြားမှာက နှစ်တောင့်ထွာစမ်းနဲ့စိုက်ပျိုးထားပါတယ်။ စိုက်ခင်းကွက်ကတော့ (၁)ဧကဖြစ်ပြီး၊ အပင်(၄၀၀၀)စိုက်ပျိုးထားပါတယ်၊ အပင်ပျက်စီးမှုမရှိ အောင် ပိုးသတ်ဆေး/အပင်အားဆေး (၄)ကြိမ်လောက် ဖျန်းပေးထားပါတယ်၊ ဆင်သေဆည်ရေ အသုံးပြုမှုကြောင့် မြေအစိုဓာတ်လုံလောက်စွာရရှိ၍ အပင်အားတွေ ကောင်းမွန်ပါတယ်၊ ဝါပွင့် ကောက်ချိန်မှာ ဈေးကောင်းရရှိရန် မျှော်လင့်ပါတယ် ဟု” ဝါစိုက်တောင်သူ ဦးအောင်မြင့်က ပြော ပြသည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ချည်မျှင်ရှည်ဝါသီးနှံများကို ကျေးရွာအုပ်စု(၂၉) အုပ်စု၊ကွင်း(၁၂၀)ကွင်း၊ (၉၇၀၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

တင်စိုးလွင်၊(ပြန်/ဆက်)