တွံ​တေးမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းများဆောင်ရွက်

တွံတေး သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအားကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆေးပေးခန်းတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက  ကလေးငယ်များအား   ပေါင်ချိန်ခြင်း၊  ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် မွေးကင်းစမှ အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ၊ ၁ နှစ်ခွဲ‌အရွယ် ကလေးငယ်များကို ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါး (ဘီ)၊ ဦးနှောက်အမှေး ရောင်ရောဂါစသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို ကလေးငယ်များ၏ အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယို အစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား