ကျိုက်မရောမြို့နယ်တွင် GIS နည်းပညာအသုံးပြူ၍ မြေပုံ ရေးဆွဲ ပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း လုပ်ငန်း၊ ရပ်ကွက်/ ကျေးရွာတည်နေရာ  Point များ ကောက်ယူခြင်း သင်တန်း ဖွင့်လှစ်

ကျိုက်မရော သြဂုတ် ၂

မွန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျိုက် မရောမြို့နယ် ဦးစီးမှူးရုံးရှိ သင်တန်းခန်းမ၌ GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲခြင်း ပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း၊ ရပ်ကွက်/ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ထမ်းများအား သိရှိ နားလည်စေနိုင် ရေးအတွက် ယနေ့ နေ့လည်  ၂ နာရီက သင်တန်း ဖွင့်လှစ် ပို့ချပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျိုက်မရောမြို့နယ် ဦးစီးမှူး ဦးကိုကိုလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားပြီး  သင်တန်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များအား လက်ထောက် လဝကမှူး ဦးမြင့်စိုးက  ရှင်းလင်း ဆွေးနွေး ပို့ချပေးခဲ့သည်။ သင်တန်းဖွင့်ပွဲသို့ ကျိုက်မရောမြို့နယ် ဦးစီးမှူး ရုံးရှိ သက်ဆိုင်ရာ လဝကမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၂၁)ဦး တက်ရောက်ခဲ့ပြီး လက်တွေ့  ကွင်းဆင်း စမ်းသပ် ဆောင်ရွက်ချက် လုပ်ငန်းများအား  မြို့ပေါ် ရပ်ကွက်များသို့ ကွင်းဆင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလွင်ထံမှ သိရှိရသည်။

ချိုမြတ်မြတ်ထွေး  (ပြန်/ဆက်)