ပင်လောင်း သြဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးကျန်း မာရေးဌာနတွင် ယနေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက်နှင့် ပင်လောင်းကြီးကျေးရွာ အုပ်စုအတွင်းရှိ အသက်တစ်နှစ်ခွဲအောက်ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် အသက်တစ်နှစ်ခွဲအောက် ကလေး ငယ်များအား ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ကာကွယ်ဆေး (၈)မျိုးကို တိုက်ကျွေး၊ထိုးနှံပေးခြင်းနှင့် ကလေးကိုယ်အလေးချိန် တိုင်းတာ ပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး