ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှမန်တုံမြို့နယ်သို့ သွားရောက်လှူဒါန်း

နမ့်ဆန်  ဩဂုတ်   ၂ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အတွင်းရေးမှူး ဦးစိုးနိုင်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်း၊ ပလောင်တိုင်းရင်းသားခေါင်းဆောင် ဦးအိုက်မုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးနာရိန်တို့သည် ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂) ရပ်ကွက် ဟိုခို မဟာမြတ်မုနိဘုရားသို့ အလှူငွေများ သွားရောက်လှူ ဒါန်းခဲ့သည်။

ရှေးဦးစွာ ဟိုခိုမဟာမြတ်မုနိကျောင်းဆောင်ဆောက်လုပ်ရန် နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ထည့်ဝင်လှူဒါန်းငွေ (၁၅၀,၀၀၀၀၀/-) (သိန်းတစ်ရာ့ငါးဆယ်ကျပ်တိတိ)နှင့် မန်နားဟိုခို ဓမ္မာရုံဆောက်လုပ်ရန် (၁၅၀,၀၀၀၀၀) (သိန်းတစ်ရာ့ငါးဆယ်ကျပ်တိတိ)တို့အား ဆက်ကပ် လှူဒါန်းခဲ့ပြီး မန်တုံမြို့ အောင်မင်္ဂလာ မြို့လယ်ကျောင်းတိုက်ရှိ ဇေယျသုခ အောင်ချမ်းသာ စေတီတော်အား သွားရောက်ဖူးမျှော်၍ အမှတ်(၁)ရပ်ကွက် မန်တောက်ဘုန်းတော်ကြီးကျောင်းတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်မှ ဆန်အိတ်(၃၀)၊ ဆီ(၅)ပုံး၊ ရေသန့်စက်အတွက် အလှူငွေ(၁၀,၀၀၀၀၀/-)(သိန်းတစ်ဆယ်)ကျပ်၊ ငြိမ်းဘော်ဒါဆောင်အတွက် (၆၃၀၀၀၀/-) (ခြောက်သိန်းသုံးသောင်း)ကျပ်ကို ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့တို့သည် အခြေခံပညာအထက်တန်း‌ကျောင်း (မန်တုံ)သို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့်တွေ့ဆုံပြီး ကျောင်းဆောင်များ လှည့်လည်ကြည့်ရှုစစ်ဆေးကာ KGဆောင်အတက်လမ်း ကွန်ကရစ်လမ်းခင်းနိုင်ရေး အလှူရှင် ဆွယ်ဟိန်းကုမ္ပဏီအားမှာကြား၍ ကျောင်းတွင်အသုံးပြုရန် မိတ္တူစက်ဝယ်ယူရန် အလှူငွေ (၅၀၀၀၀၀/-) (ငါးသိန်းကျပ်)ကို ထည့်ဝင်လှူဒါန်းပေးပြီး မြို့နယ်ဘောလုံးကွင်းအသစ် တည်ဆောက်မည့် လုပ်ငန်းနေရာသို့ ရောက်ရှိကာ တာဝန်ယူဆောင်ရွက်နေသည့် ဆွယ်ဟိန်းကုမ္ပဏီမှ  လိုက်လံရှင်းလင်း တင်ပြချက်များအပေါ်  လိုအပ်သည်များ  မှာကြားဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် ဒေသကြက် (၁၀၀)ကောင်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မွေးမြူရေးဘဏ် စနစ်အရ ဒေသဝက်(၅၀)ကောင် အားလည်းကောင်း၊ မန်တုံမြို့နယ် မန်ပွန်းကျေးရွာအုပ်စု နမ့်ယန်းကျေးရွာ၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ မန်တုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)