မော်လမြိုင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍  အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင် ဇူလိုင်   ၃၀

ကလေးသူငယ်အခွင့်အရေးများကိုယ်တိုင် သိရှိနားလည်ရေး မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် လူငယ်များအကျင့်စာရိတ္တ ကောင်းမွန်‌စေရေးနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူများ ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့‌ နေ့လယ်ပိုင်းက မော်လမြိုင်မြို့နယ်အမှတ် (၁၁)  အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝေက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှလက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေ၀င်းက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ပြည်နယ်လူမှု ဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ဝင်းက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည် ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအားလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်က လူငယ်နဲ့ စာရိတ္တလူငယ်နဲ့ရည်မှန်းချက် လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး စသည့်အသိပညာပေး အကြောင်းအရာများကို အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား/သူ (၂၂၂) ဦးအား အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး အမေး/အဖြေ မေးခွန်းများမေးမြန်းပြီး လက်ဆောင် ပစ္စည်းများနှင့်အာဟာရမုန့်များ ပေးအပ်ခဲ့ခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)