နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်လယ်ဝေးမြို့နယ်အတွင်း e-ID စနစ်ဖြင့် နိုင်.၄ နှင့် ချိတ်ဆက်၍ ပုံစံ ၆၆/၆ စာရင်းများ ရေးသွင်းနေမှုအား ကြည့်ရှုစစ်ဆေး

လယ်ဝေး ဇူလိုင် ၃၀

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်သည် ယနေ့နံနက် ၉ နာရီကလယ်ဝေးမြို့နယ် ဦးစီးမှူးရုံးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် e-ID စနစ်ဖြင့် နိုင်.၄ နှင့်ချိတ်ဆက်၍ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦး​ ရေစာရင်းများ ရေးသွင်းနေမှုအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

​​ဦးစွာနေပြည်တော်ကောင်စီအဖွဲ့ဝင်က  မဲစာရင်းများ မှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက်နိုင်.၄ နှင့်ပုံစံ.၆၆/၆ အိမ်ထောင်စုဇယားများအား ရေးသွင်း ပြုစုရာတွင် မှန်ကန်မြန်ဆန်စေရေး အလေးထားဆောင်ရွက်ရန်၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးများ ပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် စသည်တို့ကို မှာကြားသည်။

ဆက်လက်၍ လယ်ဝေးခရိုင်ဦးစီးမှူး​ ဒေါ်မြင့် မြင့်သက်၊ မြို့နယ်ဦးစီးမှူးဦးခင်မောင်ထွေးနှင့်ဝန်ထမ်းများက မိမိတို့တာဝန်ကျဒေသများအလိုက် ခွဲဝေဆောင်ရွက်နေမှုများနှင့် အချိန်မီ ပြီးစီးအောင် ဆာင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်( ပြန်/ဆက်)