ကာမိုင်း ဇူလိုင် ၃၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက်(၉)နာရီမှမွန်းလွဲ(၁)နာရီအထိ တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုနှံရာတွင် ကာမိုင်းမြို့မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းမှ ကျန်းမာရေး ၀န်ထမ်းများက မြို့ပေါ်ရပ်ကွက်/ကျေးရွာများရှိ မွေးကင်စမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယိုကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ၀က်သက်၊ ဂျိုက်သိုးတိုက်ကျွေးခြင်းနှင့် ကိုယ်၀န်ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းနှင့် ကာမိုင်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့၀င်တို့က ပူးပေါင်းပါ၀င်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)