မန္တလေး၊ စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနှင့် လမ်း ၈၀ ထောင့် ကျုံးဘေးတွင် ပြည်လုံးချမ်းသာရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးကြသည်။
နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးရာတွင် ပြည်လုံးချမ်းသာအရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး မောင်မောင်သန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက စုပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်သည့်အနေဖြင့် နှာခေါင်းစည်း (Mask) အခု(၃၀၀၀)ကို လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြစေရန် ကုသိုလ်ပြု အခမဲ့ဖြန့်ဝေပေးကြခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)