နမ့်စန်(တ) စက်တင်ဘာ ၁၁
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့သို့ စက်တင်ဘာ ၁၁ ရက် နံနက် ၅ နာရီ ၄၀ မိနစ် တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်မှတာဝန်ရှိသူများက မော်တော်ယာဉ် (၄)စီးဖြင့်ရောက်ရှိဖြတ်သန်းလာသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကျား (၄၄)ဦး ၊ မ (၁၆) ဦး ၊ စုစုပေါင်း (၆၀) ဦးတို့အား အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ပြီး နမ့်စန်မြို့တွင် ဆင်းသည့် ခရီးသည် (၁)ဦးကို Home Quarantine ဆောင်ရွက်ခြင်း ၊ လင်းခေးခရိုင် သို့ဆက်သွားမည့် ခရီးသည် (၅)ဦးကို သက်ဆိုင်ရာ မြို့နယ်များနှင့်ချိတ်ဆက်ကာ ဆက်လက်ပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အခြားနေရပ်ပြန် ခရီးသည်များမှာ နံနက် ၅နာရီ ၅၀ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)