မိုင်းလုံမြို့၌ တရုတ်နိုင်ငံမှပြန်လာသူ နေရပ်ပြန်(၉)ဦးထံမှ နှာခေါင်းနှင့် အာခေါင် တို့ဖတ်နမူနာရယူ

မိုင်းလုံ              စက်တင်ဘာလ    ၁၁

ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ဒေါ်သီရိနောင်နှင့် ကိုဗစ်−၁၉ ရောဂါ  ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များပူးပေါင်း၍ တရုတ်နိုင်ငံမှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်(၉)ဦးထံမှ ယနေ့နံနက်ပိုင်း ၇ နာရီခွဲအချိန်ခန့်က အာခေါင်တို့ဖတ်နမူနာ ရယူခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ပြီး မိုင်းလုံမြို့ အောက်ရပ်ကွက်၊ ခန္တီရပ်ကွက်၊ နမ့်ပိန်ရပ်ကွက်နှင့် လွယ်ခမ်းကျေးရွာတို့သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၄)ဦး၊ ကလေး(၁)ဦး တို့ထံမှ ကိုဗစ်−၁၉ ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ် ထားသော နေအိမ်တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ရယူခဲ့ကြောင်းသိရှိရသည်။

ဇော်ဇော်(ပြန်/ဆက်)