လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရဟန်းသံဃာ‌တော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံ

လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၂၈

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊‌ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ရဟန်းရှင် သံဃာ‌တော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  အကြိမ်ပြည့်နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှစ၍ အမှတ်(၁၀)ရပ်ကွက် သာသနာ့ ဝေပုလ္လကျောင်း၌  ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျှက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်၁၀နာရီ မှ ၁၁ နာရီ အချိန်ထိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်းရှင် သံဃာတော်များအား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးများကို အကြိမ်ပြည့်နှင့် Booster တို့အား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

ဝေလွင်ကျော် (ပြန်/ဆက်)