မိုင်းဆတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး

မိုင်းဆတ် စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မိုင်းထလန်း ကျေးရွာသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒေါနယ်သိန်းနှင့် တာဝန်ရှိသူတို့က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရန်နှင့် မဲဆန္ဒရှင်ကျန်ရှိမှု မရှိစေရန်အတွက် ရပ်ကွက်/ ကျေးရွာ အုပ်စုအလိုက် အဖွဲ့ခွဲ၍ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၆)အုပ်စုရှိပြီး ဩဂုတ်လ(၂၁)ရက်နေ့မှ စတင်၍ မဲဆန္ဒရှင်စာရင်းများ တစ်အိမ်တက်ဆင်း တိုက်ဆိုင် စစ်ဆေး၍ ဒုတိယအကြိမ် မဲစာရင်း ကြေညာချိန်တွင် ပြည့်စုံမှန်ကန်မှုရှိစေရန် လိုအပ်သော ပြင်ဆင်ဖြည့်စွက်မှုများကို သတ်မှတ်ထားသည့် ပုံစံများနှင့် အညီ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

မြင့်မောင် (ပြန်/ဆက်)