တောင်သာမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ   ယူရီးယား ဓာတ်မြေဩဇာအား မိုးစပါးစိုက်တောင်သူများအား ဖြန့်ဖြူးရောင်းချ

တောင်သာ ဇူလိုင် ၂၈

တောင်သာမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေဩဇာအား မိုးစပါးစိုက်ကျေးရွာ()ရွာမှ တောင်သူများအား ယမန်နေ့က ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။                 

အဆိုပါ ယူရီးယားဓာတ်မြေဩဇာသည် ယခင်နွေစပါး မူလလျာထား(၁၂၀၀)ဧက အတွက် ()ဧက ()အိတ်နှုန်းဖြင့်  ရောင်းချရန် အိတ်(၆၀၀)ခွဲတမ်းရရှိခဲ့သော်လည်း နွေစပါးစိုက်ဧက(၇၂၀)သာ စိုက်ပျိုး နိုင်ခဲ့သဖြင့်     ယူရီးယားဓာတ်မြေဩဇာ (၃၆၀)အိတ်သာ ဖြန့်ဖြူးရောင်းချပေးခဲ့သဖြင့် ကျန်ရှိသည့် ခွဲတမ်း(၂၄၀)အိတ်အား မိုးစပါးတွင် စိုက်ပျိုးမည့် တောင်သူများအား ဆက်လက်ရောင်းချလျက်ရှိကြောင်းအား စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်ခင်ဖြူမာ ပြောကြားချက်အရ သိရသည်။

ယင်း ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရာတွင် တမိုက်သာကျေးရွာ၊ ခါးတက်ကုန်းကျေးရွာ၊ ပုဒက်စာကုန်းကျေးရွာ၊ လယ်ကွက်ကြီးကျေးရွာနှင့် ဆီမီးကန်ကျေးရွာများမှ တောင်သူများ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)