စဉ့်ကိုင် ဇူလိုင်၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သမဝါယမအသင်းစုလီမိတက် အမှုဆောင် ဒါရိုက်တာ အသစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ က မြို့နယ်သမဝါယမဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာသမဝါယမသင်းစုများမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ သဘာပတိအဖြစ် မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ အသင်းစု၏ အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် စာရင်းစစ်အဖွဲ့ရွေးချယ်ခြင်းများ ဆောင်ရွက်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် အမှုဆောင်ဒါရိုက်တာဦးဟန်က လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြပြီး မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး ဦးညီညီဇော်က လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြပြီး ( ၂၀၂၀-၂၀၂၁) နှင့် (၂၀၂၁-၂၀၂၂ ) Mini Budget ဘဏ္ဍာရေးရှင်းတမ်းများတင်ပြခဲ့ရာ သမဝါယမအသင်းစု၏ အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် စာရင်းစစ်အဖွဲ့ရွေးချယ်ရာတွင် ဥက္ကဋ္ဌအဖြစ် ဦးစိန်သောင်း၊ အတွင်းရေးမှူးအဖြစ် ဦးညီညီဇော်၊ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဦးဝင်းတင်တို့အား ရွေးချယ်ခဲ့ကြောင်း စဉ့်ကိုင်မြို့နယ်အတွင်း မြို့နယ်သမဝါယမသင်းစု (၁)စု၊ အခြေခံသမဝါယမအသင်း (၁၅၇)စု သမဝါယမအသင်းစုပေါင်း(၁၅၈)စုရှိကြောင်း မြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူထံက သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)