မုဒုံ ဇူလိုင် ၂၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ Economic Relife Plan (CERP)အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ကို ကျေးရွာလေးရွာ၌ ယမန်နေ့က စီမံကိန်းရန်ပုံငွေများကို တတိယအကြိမ် ထုတ်ချေးပေးခဲ့သည်။
ထိုသို့ ထုတ်ချေးပေးရာတွင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က ကြီးကြပ်၍ ဝန်ထမ်းများမှ စိုက်ပျိုးရေး၊မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် သာယာကုန်ကျေးရွာရှိ အသင်းသား (၅၂)ဦးအား ချေးငွေပမာဏ (၃၂ ဒသမ ၂) ကျပ်သန်းကိုလည်ကောင်း၊ ကွေ့ဝမ်းကျေးရွာရှိ အသင်းသား (၃၈)ဦးအား ချေးငွေပမာဏ (၃၁ ဒသမ ၈) ကျပ်သန်းကိုလည်ကောင်း၊ ကော့ခပုံ (ရွာသစ်)ကျေးရွာရှိ အသင်းသား (၅၀)ဦးအား ချေးငွေပမာဏ (၃၁)ကျပ်သန်းကိုလည်ကောင်း၊ ကွမ်တာ(ရွာဟောင်း)ကျေးရွာရှိ အသင်းသား(၄၃)ဦးအား ချေးငွေ ပမာဏ(၃၂ ဒသမ ၁)ကျပ်သန်းကိုလည်ကောင်း စုစုပေါင်း ချေးငွေပမာဏ (၁၂၇ ဒသမ ၁) ကျပ်သန်းကို ကျေးရွာနေ ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သားငယ်(မုဒုံ)