ချမ်းမြသာစည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း

မန္တလေး၊ စက်တင်ဘာ ၁၀

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈)ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဆက်လျဉ်း၍  အငြင်းပွားမှု ပြဿနာ တစ်စုံတစ်ရာ‌ပေါ်ပေါက်ပါက  အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ကို  ယမန်နေ့ညနေပိုင်းက မြို့သစ် (၃) ရပ်ကွက် ဒါနဟိတဓမ္မဗိမာန်တော်တွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌက ကော်မတီဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပါတီအသီးသီးမှ တက်ရောက် လာသူများနှင့် ရပ်မိရပ်ဖများက သိရှိလိုသမျှကို  အကြံပြုမေးမြန်းဆွေးနွေးကြရာ ရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌနှင့်  ကော်မတီဝင်များက ပြန်လည်ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ဝေဖြိုးအောင်