မန္တလေး၊ စက်တင်ဘာ ၁၀
ဒုတိယအကြိမ် မဲစာရင်းများကြေညာရာတွင် မှန်ကန်မှုရှိစေရေးအတွက် အသက် (၁၈)နှစ် ပြည့်သူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး ပထမအကြိမ် မဲစာရင်းကြေညာစဉ် ပုံစံ (၃)ဖြင့် တောင်းဆိုမှုများ ပုံစံ (၄)ကန့်ကွက်ခြင်း များ၊ ပုံစံ (၄ - ဂ) ပြင်ဆင်လွှာတင်သွင်းခြင်းများ မှတ်ပုံတင်မရရှိသေးသူများကို ရွေးကောက်ပွဲကျင်းပမည့် သတ်မှတ်ရက်မတိုင်မီ ပြည့်စုံမှန်ကန်စွာရရှိစေရေး မြို့နယ်၊ ရပ်ကျေး ကော်မရှင်များ အကွက်မှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်၊၊
မဲဆန္ဒရှင်ပြည်သူများ လျောက်ထားသော ပုံစံ (၃)၊ ပုံစံ(၄)၊ ပုံစံ (၄-ဂ) စာရင်းများကို ပြင်ဆင်ထားသည့် မဲစာရင်း အိမ်ထောင်စုဇယားတို့ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေကောက်ပွဲကြီးတွင် ရပ်ကွက် (၁၄) ရပ်ကွက်တွင် မဲရုံ (၈၁) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)