တိုက်ကြီး ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလည်ပတ် ရန်ပုံငွေများကို နေချင်းပြီး ပြန်ဆပ်/ထုတ်ချေးစနစ်ဖြင့် ရာနှုန်းပြည့်ထုတ်ချေးပြီးဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာတို့တွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ(၇၆၂)ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ (၂၈၄)ဦး၊ အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်သူ(၂၁၂)ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆောင်ရွက်သူ(၇၉)ဦး စုစုပေါင်း အသင်းသား(၁၃၃၇)ဦးတို့အား စီမံကိန်းရန်ပုံင ကျပ်(၃၅၁.၉)သန်းကို တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကော်မတီဝင်များနှင့်အတူ ကျေးရွာများတွင် Type-1,2,3 အဆင့်အလိုက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစီမံကိန်းဖြင့်လည်း ကျေးရွာ(၁၃)ရွာတို့တွင် လည်ပတ်ဆောင်ရွက်ခဲ့ရာ စုစုပေါင်း အတိုးရငွေကျပ်(၄၁.၉၈၈)သန်းရရှိခဲ့ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)