မိတ္ထီလာ ဇူလိုင် ၂၈
မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဦးကျော်ဇေယျက ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်းတွင် သင်ယူခဲ့သော ရှေးဦးပြုစုခြင်း ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် သင်တန်းသားသင်တန်းသူ ကျောင်းသားကျောင်းသူများအနေဖြင့် အကျိုးရှိရှိ အသုံးချကြရန် အမှာစကားပြောကြားပြီး မိတ္ထီလာတက္ကသိုလ်ကြက်ခြေနီအသင်းဥက္ကဋ္ဌသမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမိုးမိုးပြုံးက ကျေးဇူး တင်စကားပြောကြားသည်။ ထို့နောက် သင်တန်း သားသင်တန်းသူများက ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံပညာရပ်များကို လက်တွေ့သရုပ်ပြသသည်။ ၎င်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများနှင့်သင်တန်းသား သင်တန်းသူများအား သင်တန်း ဆင်း လက်မှတ်များကို ပါမောက္ခချုပ်ဒေါက်တာ ဘဟန်၊ ဒုတိယ ပါမောက္ခချုပ်ဒေါက်တာ ဝင်းမင်းသိန်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ အဆိုပါကြက်ခြေနီသင်တန်းဆင်းပွဲတွင် သင်တန်းအမှတ်စဉ် (၁၁/၂ဝ၂၂)နှင့်သင်တန်းအမှတ်စဉ် (၁၂/၂ဝ၂၂) တို့မှ သင်တန်းသားသင်တန်းသူစုစုပေါင်း ၃ဝဝ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ