လာရှိုး ဇူလိုင်၂၈
လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က ထိုးနှံပေးနေကြောင်း သိရသည်။
အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးထိုးနှံခြင်းများအတွက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)က စီစဉ်ဆောင်ရွက် ထိုးနှံပေးခြင်း ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် တက္ကသိုလ်ကောလိပ်များ၊ အခြားဌာနဆိုင်ရာများမှဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေးကို (၃)ကြိမ်တိတိထိုးနှံရမည်ဖြစ်ပြီး ဆေးတစ်ကြိမ်လျင် ဆေးစတင်ထိုးနှံပြီးသည့် နေ့မှစ၍ (၁)လပြည့်သည့်နေ့တွင် နောက်ထပ်တစ်ကြိမ်ထိုးနှံရမည်ဖြစ်သည်။ နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီး (၂)လပြည့်သည့်နေ့တွင် ကာကွယ်ဆေး အောင်/မအောင်ကိုပြန်လည် စစ်ဆေးရမည် ဖြစ်ကြောင်း သိရှိရပြီး အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေး ထိုးနှံကြမည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)