ချမ်းအေးသာစံ ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ (၁) တွင် ပြုလုပ်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက ဆွေးနွေးလိုသည်များကို တင်ပြဆွေးနွေးပြီးနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီမှ ပညာတော်သင်စေလွှတ်ခဲ့သည့် မဟာဘွဲ့ / သင်တန်း တက်ရောက်ခဲ့သူများနှင့် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပညာတော်သင်စေလွှတ်ခဲ့သည့် မဟာဘွဲ့/သင်တန်း တက်ရောက်ခဲ့သူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာထမ်းများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်